🍪 Cookie ဆိုတာ ဘာလဲ?🍪

🌐 ကျွန်တော်တို့က website တစ်ခုကို ဝင်လိုက်တဲ့အခါမှာ အဲ့ဒီ website ရဲ့ Server ကနေ HTTP Response နဲ့ Cookie လို့ခေါ်တဲ့ Data Packet လေးတစ်ခုကို ဖန်တီးပြီး ကျွန်တော်တို့ရဲ့ Web Browser ဆီကို ပို့ပေးလိုက်ပါတယ်

💻 အဲမှာ ကျွန်တော်တို့ရဲ့ Browser က အဲ့ဒီ Cookie Data ကို ယူပြီး ကိုယ့်ကွန်ပျူတာရဲ့ Local Storage နေရာတစ်ခုမှာ သိမ်းပေးထားလိုက်ပါတယ်

📂 ဒီ Storage ကို Browser Data (သို့) Site Data လို့လည်း ခေါ်ကြပါတယ်

🔁 နောက်ထပ် အဲ့ဒီ site ကိုပဲ ပြန်ဝင်တဲ့အခါ Browser က သူသိမ်းထားတဲ့ Cookie လေးကို ပြန်ရှာပါတယ်

📡 ပြီးတော့ အဲ့ဒီ Cookie ကို website Server ဆီကို HTTP Request နဲ့ auto ပြန်ပို့ပေးလိုက်ပါတယ်

🧠 ဒါကြောင့်မို့လို့ Server ကနေ ကျွန်တော်တို့ ဘာတွေလုပ်ထားခဲ့လဲ ဘာတွေလုပ်ထားတာလဲဆိုတာကို တန်းသိတာပါ

🔐 ဥပမာ — Login ဝင်ထားတာ၊ Language setting၊ Cart ထဲက ပစ္စည်းတွေ စတာတွေကို မှတ်ထားနိုင်ပါတယ်

⚠️ ဒါပေမဲ့ ဒီနေရာမှာ သတိထားရမှာက Tracking Cookie တွေပါပဲ

🕵️‍♂️ တချို့ Cookie တွေက ကိုယ်ဘယ်ဝက်ဘ်ဆိုဒ်တွေ ကြည့်ခဲ့လဲ ဆိုတာကို မှတ်တမ်းတင်ဖို့ ကြိုးစားတတ်ပါတယ်

📊 ဒီလို Data တွေကို Ads Company တွေက အသုံးပြုပြီး Targeted Ads ပြဖို့ သုံးနိုင်ပါတယ်

😟 အဲ့ဒါကြောင့် Privacy အတွက်တော့ စိတ်ပူရပါတယ်

📝 ကဲ... ဒါဆိုရင်တော့ Cookie ဆိုတာ website နဲ့ Browser ကြားမှာ ကိုယ် data တွေကို မှတ်မိနေအောင် သုံးတဲ့ note လေးတစ်ခုပါပဲ

🔗 ရှေ့ရက်က API နဲ့ကော ဘယ်လိုကွာမယ်ထင်လဲ?

စဉ်းစားကြည့်ရအောင်ပါ

💬 နှစ်ခုက သိသာပါတယ် API ဆိုတာက စကားဘယ်လိုပြောမလဲဆိုတဲ့ protocol ဆိုတာမျိုးဖြစ်ပြီး

📦 Cookie ကျတော့ သူခနက ဘာအကြောင်းပြောနေတာလဲဆိုတာကို မှတ်မိသလိုမျိုး data packet လေးတစ်ခုဖြစ်ပါတယ်

✅ အတိုချုံးပြောရရင် Cookie = Website က User ကို မှတ်ထားဖို့ သုံးတဲ့ data လေးတွေပါ

Author Name - Instructor Min Thu Khaing
Content Series - Journey with Moriarty