Courses Offered
Students Enrolled
Video Lectures & Files
Oscord Code Academy fosters a dynamic and inclusive global learning community, uniting Burmese students from various countries. Our flexible class scheduling enables robust discussions, accommodating diverse time zones and preferences. The cutting-edge technologies and practical skills taught in our courses are directly applicable to university projects, research, internships, and professional careers, empowering students to achieve academic excellence and thrive in their professional endeavors.
At Oscord Code Academy, we award digital certificates to students who successfully complete all assignments, projects, and exams for each of our courses. Our training focuses on building your programming and software development skills through hands-on assignments, exams, and practical projects, with expert instructors guiding you throughout the entire course.
Start Learning
Oscord မှာ Programming စတင်လေ့လာမည့်သူများအတွက် Java Programming အတန်းနှင့် Python Programming (Basic to Advanced) အတန်းများရှိပါတယ်ခင်ဗျာ
Oscord မှာ Web Development အတွက် Full Stack Developer Class လေးကနေစပြီးတက်ရောက်လိုရပါတယ် Full Stack အတန်းလေးပြီးရင် React + Laravel အတန်းလေး ထပ်မံတက်ရောက်နိုင်ပါတယ် ဒါတွေတက်ရောက်ပြီးပြီဆိုရင်တော့ Web Development အတွက် ခိုင်လုံတဲ့ Project Development Skill တွေကိုရရှိလာမှာဖြစ်ပါတယ်ခင်ဗျာ
မိမိတက်ရောက်သည့် အတန်းမှာ သတ်မှတ်ထားတဲ့ Assignment, Exam နှင့် Project တွေ Complete ဖြစ်ပြီး Instructor တွေဘက်မှလည်း သက်ဆိုင်ရာ Course ရဲ့အရည်အချင်းပြည့်မှီသည်ဟု ထောက်ခံချက်ပါပါက Digital Certificate လေး ပေးပါတယ်နော်
By One အတန်းတိုင်းအတွက် အတန်းချိန်များညှိနှိင်းပေးပါတယ်
ဒါ့ကြောင့်လဲ Oscord မှာ မြန်မာ ထိုင်း ကိုရီးယား ဂျပန် စင်ကာပူစသည့် အရှေ့တိုင်းနိုင်ငံများမှ ကျောင်းသားများသာမက Finland, Sweland, USA စသည့် Time Zone မတူသည့်အနောက်တိုင်းနိုင်ငံများမှ ကျောင်းသားများကိုလည်း အဆင်ပြေအောင်သေချာလေးအချိန်ညှိပေးတဲ့အတွက် သင်တန်းများလာရောက် တက်ကြပါတယ်ခင်ဗျာ
Data Science, Machine Learning နှင့် AI modal engineering ပညာရပ်များအတွက် Oscord မှာ Python Programming (Basic to Advanced), Data Science Essential အတန်းများနှင့် Applied Mathematics အတန်းလေးများရှိပါတယ် မကြာမှီမှာ Machine Learning (Basic to Advanced) အတန်း နှင့် Big Data Analytics အတန်းများလည်း အတန်းသစ်များဖွင့်လှစ်ဖိုရှိပါတယ်ခင်ဗျာ
သင်တန်းကြေးက တစ်လချင်းသွင်းတာမျိုးမဟုတ်ပါခင်ဗျာ သက်ဆိုင်ရာ Course အတွက် သတ်မှတ်ထားသော သင်တန်းကြေးမှာ Course အစမှအဆုံးထိ အပြီးအစီးဖြစ်ပါတယ် Course ပြီးဆုံးဖိုအတွက်သတ်မှတ်ကာလမရှိပါ Course ပြီးသည်အထိ Instructor များဘက်မှ အချိန်ကာလမည့်မျှကြာသည်ဖြစ်စေ သင်ကြားပေးမှာဖြစ်ပါတယ်နော်
Oscord က ဆရာတွေက စိတ်ရှည်ပြီးတော့ စာရှင်းရင်လည်း နားလည်လွယ်ပါတယ်။ Course တစ်ခုပြီးတိုင်း mini project လေးတွေလုပ်ရတာတော့ သဘောအကျဆုံးပါပဲ။ အချိန်တိုအတွင်းထိထိရောက်ရောက်နဲ့ programming ကို သင်ယူချင်ရင်တော့ Oscord ကို highly recommend ပါနော်
ဆရာနဲ့သင်ရတာတော်တော်အားရပါတယ် ပြီးတော့ ဆရာကနားမလည်တဲ့စာတွေကိုလဲသေသေချာချာပြန်ရှင်းပြပါတယ်အရင်တုန်းကကျွန်တော် computer programming skill ကတော်တော်ဆိုးပါတယ် ဆိုးတယ်ဆိုလုပ်ကိုမလုပ်တတ်တာပါခုတော့ဆရာ့ကျေးဇူးနဲ့ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သွားပါပြီဒါကြောင့်ဆရာ့ကိုတော်တော်ကျေးဇူးတင်ပါတယ်ဆရာရေ
ကျောင်းတက်တုန်းက Programming ကိုသင်ရပေမယ့် ဘာမှန်းမသိသလို ဘာမှလဲမလုပ်ဖူးခဲ့ပါဖူး အိမ်ကသားကိုတက်စေချင်တာရယ် ကိုယ်တိုင်လည်း သိချင်စိတ်ရှိသေးတာရယ်နဲ့ ခု Programming သင်ပေးနေတဲ့ဆရာလေးဆီမှာတက်ဖြစ်ခဲ့ပါတယ် သူ့ကိုစင်ကာပူမှာအလုပ်လုပ်နေတဲ့ ညီလေးတစ်ယောက်ဆီကသိခွင့်ရတာပါ ငယ်သေးပေမယ့်တော်တော် တော်ပါတယ် သင်ကြားပေးတဲ့စနစ်ကစနစ်တကျရှိတော့သင်ယူရတာအဆင်ပြေပါတယ် သင်ခန်းစာအခန်းတိုင်းအတွက် မေးခွန်းလေးတွေလေ့ကျင့်ခန်းတွေနဲ့မိုစာပြန်လုပ်ဖြစ်စေပါတယ် နားလည်လွယ်အောင်စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလိုကျွန်တော်လိုအသက်ကြီးသူရော သားငယ်လိုအသက်ငယ်သေးသူရောအတွက်အဆင်ပြေပါတယ်
Programming ကိုအခြေခံကနေစပြီးလေ့လာချင်လို ခု Programming သင်ပေးနေတဲ့ဆရာလေးဆီမှာတက်ဖြစ်ပါတယ် သင်ကြားပေးတဲ့စနစ်က စနစ်တကျရှိတော့သင်ယူရတာအဆင်ပြေပါတယ် သင်ခန်းစာအခန်းတိုင်းအတွက် မေးခွန်းလေးတွေလေ့ကျင့်ခန်းတွေနဲ့မိုစာပြန်လုပ်ဖြစ်စေပါတယ်နားလည်လွယ်အောင်စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလ်ု နားလည်လွယ်စေပါတယ် ပြီးတော့ additional resources တွေနဲ့ recommended books တွေကိုဝေမျှပေးတဲ့အတွက်လည်းတော်တော်အဆင်ပြေပါတယ်OOP ကိုလည်းရှင်းပြပေးတဲ့အတွက်လည်းတော်တော်လေးအကျိုးရှိပါတယ်
စာသင်တဲ့အခါ တစ်ယောက်ချင်း ရှင်းရှင်းလင်းလင်းနဲ့ သင်ပေးတဲ့အပြင် သင်တန်းချိန်ကို အဆင်ပြေအောင်ညှိပေးတာကို သဘောကျပါတယ် နားမလည်တာတွေကို သေချာပြန်ရှင်းပြတဲ့အပြင်သတ်မှတ်ထားတဲ့ Course တွေများတာကိုလည်းသဘောကျပါတယ် အစက ဒီအတိုင်းအချိန်ပိုနေလိုတတ်မယ် စဉ်းစားထားရာကနေ Programming ကိုအမှန်တကယ်တတ်ကျွမ်းချင်လာပါတယ်
To my dear Java programing tutor Saya, I am thrilled to share my experience with the programming training provided by you (a talented tutor from Myanmar) to those who interested in programing language. You have a remarkable ability to assess the student's level and tailor the teaching materials accordingly even I'm a starter. I truly appreciate your kindness, passion, time management skills, and commitment to your work. One thing that stood out to me was the reasonable fee that charged for your programming tutorial even you don't get enough electronic service all the time. The tutor provided me with plenty of teaching tools,making it easy for me to comprehend the lessons. Furthermore, when I faced any difficulties in understanding a concept, you patiently revised the lesson until I fully grasped it. Thanks to the programming training provided by Saya MS. I am confident that my dream of becoming proficient in programming will soon come true. I would highly recommend anyone interested in programming to join this training program. Once again, thank you, for your invaluable guidance and support.
ဆရာ့ သင်တန်းတက်ပီးတော့မှ Java programming နဲ့ ပတ်သတ်ပီး class, function တွေကို သေချာ ရှင်းလင်း နားလည်အောင် သိရှိလာရတဲ့ အတွက် အရမ်းကို အဆင်ပြေပါတယ်။ exercise တွေ နဲ့သေချာ လေ့ကျင့်ရတဲ့ အတွက်
java ကိုပိုပီး အကျွမ်းတဝင်ရှိလာစေပါတယ်။ java နဲ့ပတ်သတ်ရင် Oscord ကို recommends ပေးပါတယ်။
သင်တန်းကို Facebook ကနေတွေ့ခဲ့တာပါ one by one သင်ပေးတာရယ် ၊ သင်တန်းကြေးက သင့်တင့်တာရယ် ၊ အချိန်လည်း သေချာလေး ညှိနှိင်းသင်ပေးတာရယ်ကြောင့်တက်ရောက်ဖြစ်ခဲ့ပါတယ်။ အရင်က ဘာမှမရေးတတ်ဘူး၊ အဓိကက ဆရာနဲ့ တက်လိုက်တာ တွေးတတ်သွားတယ်။ program/coding ရဲ့ အသွားအလာကို တွေးတတ်လာတယ်၊ ဒီနေရာမှာ ဒါလေး မရဘူးလား၊ ဒီအကြောင်း ဖြုတ်လိုက်ရင်ရော၊ အပေါ်အောက်ချိန်းလိုက်ရင်ရော အစရှိသဖြင့် အတွေးတွေက coding ကို သပ်သပ်ရပ်ရပ် ရေးတတ်လာစေတယ်။
ဆရာက စေတနာပါပါနဲ့ အားလုံးကို နားလည်လွယ်အောင် ရှင်းပြပေးပါတယ်
Exercise တွေနဲ့ နားမလည်တာတွေကို စိတ်ရှည်ရှည်နဲ့ရှင်းပြပြီး ရှင်းပြထားတဲ့notes တွေကို
အမြဲပိုပေးတဲ့အတွက် စာပြန်ကြည့်တဲ့အခါအရမ်းကို အထောက်အကူဖြစ်စေပီး အဆင်ပြေပါတယ်