REST API | Journey with Moriarty

🐳⚜️ REST API ဆိုတာဘာလဲ?

REST API ဆိုတာက ရိုးရိုးလေးပြောရရင် Mobile App ဒါမှမဟုတ် Website နဲ့ Data တွေသိမ်းထားတဲ့ Server ကြားမှာ စကားပြန်သဖွယ် ချိတ်ဆက်ပေးတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်...

ဥပမာပြောရရင် Facebook App ကနေ Post တစ်ခု တင်လိုက်တဲ့အခါ အဲ့ဒီ Post ထဲကစာတွေ၊ ပုံတွေကို Server ဆီရောက်သွားအောင် ဒီ API ကပဲ လမ်းကြောင်းဖွင့်ပြီး ပို့ပေးလိုက်တာမျိုးပါ။

⚜️ သူက ဘယ်လိုအလုပ်လုပ်တာလဲ?

REST API က Web လောကမှာ အသုံးအများဆုံးဖြစ်တဲ့ HTTP စနစ်ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ အောက်ပါ အချက် ၂ ချက်ကိုပဲ သိထားရင် တော်တော်လေး ပြည့်စုံသွားပါပြီ။

No 1 - URL နဲ့ လှမ်းတောင်းတာ

ကိုယ်လိုချင်တဲ့ Data တစ်ခုချင်းစီကို Resource လို့ ခေါ်ပြီး သူတို့မှာ သီးသန့် URL လိပ်စာလေးတွေ ရှိပါတယ်။ ဥပမာ- yourserver.com/api/users လို့ ပြောလိုက်ရင် User စာရင်းကို လှမ်းညွှန်းလိုက်တာပါပဲ။

No 2 - Method တွေနဲ့ ခိုင်းတာ

GET Server ဆီက Data တွေ ဖတ်ကြည့်ဖို့ သုံးပါတယ်
POST Data အသစ်တွေ ထည့်ဖို့ သုံးပါတယ်
PUT ရှိပြီးသား Data ကို ပြန်ပြင်ဖို့ သုံးပါတယ်
DELETE မလိုတော့တဲ့ Data ကို ဖျက်ပစ်ဖို့ သုံးပါတယ်

⚜️ ဘာလို့ ဒါကို သုံးကြတာလဲ?

🚀 သုံးရတာ အင်မတန် ရိုးရှင်းတယ် - စနစ်တွေ အများကြီးကြားမှာ ချိတ်ဆက်ရတာ လွယ်ကူစေပါတယ်။

🛠️ စနစ်တကျ ရှိစေတယ် - Code ရေးတဲ့အခါ Standard တစ်ခုရှိနေတော့ တခြားသူတွေ ဖတ်ရင်လည်း နားလည်ရလွယ်တဲ့ Clean Code တွေ ဖြစ်လာတာပါ။

📱 ကိုယ်ပိုင် App တစ်ခု အတွက် မရှိမဖြစ်ပါပဲ - ကိုယ့် App ထဲမှာ Data တွေ လိုချင်တာပဲဖြစ်ဖြစ်၊ App ကနေ Data ပို့ချင်တာပဲဖြစ်ဖြစ် ဒီ API လမ်းကြောင်းကို ဖန်တီးရမှာဖြစ်ပါတယ်။

ဒါဆိုရင် RestAPI အကြောင်းကို နားလည်သင့်သလောက် နားလည်သွားပြီလို့ ယူဆပါတယ်ခင်ဗျာ။

AUTHOR Instructor Min Thu Khaing SERIES Journey with Moriarty