🐳⚜️ SSH ဆိုတာဘာလဲ?

SSH (Secure Shell) ဆိုတာကတော့ Secure Shell Protocol လို့ ခေါ်ဆိုပါတယ်။
နာမည်မှာ ပါတဲ့အတိုင်းပဲ၊ Network ပေါ်မှာ လုံခြုံစိတ်ချရတဲ့ Secure ဖြစ်တဲ့ Remote Connection တွေ ပြုလုပ်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ Protocol တစ်ခု ဖြစ်ပါတယ်။

⚜️ SSH ရဲ့ တန်ဖိုး (Value)

SSH ရဲ့ တန်ဖိုး (Value) ကတော့ Client နဲ့ Server ကြားမှာ ဖြစ်ပေါ်တဲ့ Communication တွေ အားလုံးကို Cryptographic Methods တွေ သုံးပြီး Encrypt လုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ Terminal ကနေ Command တစ်ခုခု ပေးပို့တာပဲဖြစ်ဖြစ်၊ Server ကနေ ပြန်ပို့တာပဲဖြစ်ဖြစ် ကြားဖြတ်ဖမ်းယူတာမျိုး မဖြစ်နိုင်အောင် ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။

⚜️ Backend Development မှာ SSH ရဲ့ အသုံးပြုမှု

ပြီးတော့လည်း ကျွန်တော်တို့ Node.js Backend Application တွေ၊ API တွေကို Production Server တွေမှာ Deploy လုပ်ပြီး Manage လုပ်ရတဲ့အခါမှာ မရှိမဖြစ် အသုံးပြုရပါတယ်။
ကျွန်တော်တို့ Local Development ကနေ Remote Server ပေါ်မှာရှိတဲ့ Backend Application ကို ချိတ်ဆက်ဖို့အတွက် SSH ကို အသုံးပြုရပါတယ်။

⚜️🔰 File Transfer နဲ့ System Administration အတွက် SSH

Code တွေ၊ Node modules တွေကို Server ပေါ်ကို လုံလုံခြုံခြုံ ကူးပြောင်းဖို့အတွက် SCP (Secure Copy) ဒါမှမဟုတ် SFTP (SSH File Transfer Protocol) လိုမျိုး SSH နဲ့ တွဲဖက်အသုံးပြုတဲ့ Tools တွေကို သုံးစွဲရပါတယ်။
Server မှာ Application ကို Start, Stop, Restart တွေ လုပ်ဆောင်ဖို့၊ Package အသစ်တွေ Install လုပ်ဖို့နဲ့ Dependency တွေ Update လုပ်ဖို့ စတဲ့ System Administration အလုပ်တွေ အများကြီးကို SSH Terminal ကနေပဲ Remote အနေနဲ့ လုပ်ဆောင်လို့ ရပါတယ်။

⚜️ Server Security နဲ့ SSH

ကျွန်တော်တို့ရဲ့ Backend Application တွေဟာ Sensitive Data တွေနဲ့ Interaction လုပ်ရတဲ့အတွက် Server Security က တော်တော်လေး အရေးကြီးပါတယ်။
Key-Based Authentication အနေနဲ့ Node.js Backend တွေ ထားရှိတဲ့ Server တွေမှာ Password ထက် SSH Keypair ဖြစ်တဲ့ Public Key နဲ့ Private Key တွေကို အသုံးပြုပြီး ဝင်ရောက်တာက Standard Security Practice တစ်ခု ဖြစ်လာပါတယ်။
အဲ့ဒါမှသာ Brute-force attack တွေကနေ ပိုမိုကာကွယ်နိုင်ပြီး Server Access ကို ပိုမိုကောင်းမွန် စိတ်ချရစေမှာ ဖြစ်ပါတယ်။

အဆုံးသတ်ရရင်တော့ SSH ဟာ Application ရဲ့ Code တွေမှာ တိုက်ရိုက်ကြီး ပါဝင်ပတ်သက်နေတာမျိုး မဟုတ်ပေမဲ့ ကျွန်တော်တို့ Backend Infrastructure ရဲ့ အမြဲတမ်း ယုံကြည်စိတ်ချရတဲ့ Gateway (Trusted Gateway) တစ်ခု ဖြစ်နေပါတယ်။
ဒါဆိုရင် SSH အကြောင်းကို နားလည်သင့်သလောက်နားလည်သွားပြီလို့ယူဆပါတယ်ခင်ဗျာ

Author Name - Instructor Min Thu Khaing
Content Series - Journey with Moriarty