Programming, Software Development နှင့် Computer Science ဘာသာရပ်များကို
အခြေခံမှ အဆင့်မြင့် Application Development အထိ သင်ကြားပေးနေပါသည်။
Oscord မှာ Programming, Software Development နှင့် Computer Science ဘာသာရပ် သင်တန်းတွေကို အခြေခံမှစ၍ Application Development Level အထိ ဆရာများဖြင့် တစ်ဦးတည်းသီးသန့်အတန်းများ၊ အဖွဲ့လိုက် Zoom အတန်များ၊ Teach Yourself with Video Lectures အတန်းများဖြင့် သင်ကြားပေးနေပါတယ်။
နမူနာသင်ခန်းစာများကိုလည်း website ရှိ သက်ဆိုင်ရာ course အောက်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
FEE
90,000 MMK
DURATION
4 months to 5 months
FEE
100,000 MMK
DURATION
4 months to 5 months
FEE
120,000 MMK
DURATION
6 months
FEE
90,000 MMK
DURATION
3 months
FEE
88,000 MMK
DURATION
3 months
FEE
46,000 MMK
DURATION
3 months
FEE
58,000 MMK
DURATION
3 months
FEE
66,000 MMK
DURATION
3 months
What our students say about Oscord
Java Programming (Basic to Advanced)
"Javaသင်တန်းတက်မယ်လို့ စဥ်းစားပြီး သင်တန်းတွေလိုက်ရှာရင်း Oscord pageကိုတွေ့ခဲ့တာပါ အစကတော့အဆင်ပြေပါ့မလားတွေးခဲ့ပေမဲ့ Javaစသင်တဲ့ရက်မှာပဲ ဆရာစာရှင်းပြတာက နားလည်လွယ်ပြီး conceptမိတယ်လို့လည်းခံစားရလို့ သဘောကျပါတယ် စာတဖြတ်ပြီးတိုင်း Quizတွေ examတွေဖြေရင်း သင်ရတာဆိုတော့ စာလည်းပြန်လုပ်ဖြစ်ပြီးပိုနားလည်လာပါတယ် စာသင်ပေးတဲ့ဆရာကလည်းသင်တဲ့ဘာသာရပ်ပေါ် ကျွမ်းကျင်ပိုင်နိုင်တယ်လို့ခံစားရလို့ Oscordကို recommendပေးပါတယ်✨"
Full Stack Web Developer Class
"Oscord က ဆရာတွေက စိတ်ရှည်ပြီးတော့ စာရှင်းရင်လည်း နားလည်လွယ်ပါတယ်။ Course တစ်ခုပြီးတိုင်း mini project လေးတွေလုပ်ရတာတော့ သဘောအကျဆုံးပါပဲ။ အချိန်တိုအတွင်းထိထိရောက်ရောက်နဲ့ programming ကို သင်ယူချင်ရင်တော့ Oscord ကို highly recommend ပါနော်"
Java Programming (Basic to Advanced)
"ဆရာနဲ့သင်ရတာတော်တော်အားရပါတယ် ပြီးတော့ ဆရာကနားမလည်တဲ့စာတွေကိုလဲသေသေချာချာပြန်ရှင်းပြပါတယ်အရင်တုန်းကကျွန်တော် computer programming skill ကတော်တော်ဆိုးပါတယ် ဆိုးတယ်ဆိုလုပ်ကိုမလုပ်တတ်တာပါခုတော့ဆရာ့ကျေးဇူးနဲ့ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သွားပါပြီဒါကြောင့်ဆရာ့ကိုတော်တော်ကျေးဇူးတင်ပါတယ်ဆရာရေ"
Java Programming (Basic to Advanced)
"ကျောင်းတက်တုန်းက Programming ကိုသင်ရပေမယ့် ဘာမှန်းမသိသလို ဘာမှလဲမလုပ်ဖူးခဲ့ပါဖူး အိမ်ကသားကိုတက်စေချင်တာရယ် ကိုယ်တိုင်လည်း သိချင်စိတ်ရှိသေးတာရယ်နဲ့ ခု Programming သင်ပေးနေတဲ့ဆရာလေးဆီမှာတက်ဖြစ်ခဲ့ပါတယ် သူ့ကိုစင်ကာပူမှာအလုပ်လုပ်နေတဲ့ ညီလေးတစ်ယောက်ဆီကသိခွင့်ရတာပါ ငယ်သေးပေမယ့်တော်တော် တော်ပါတယ် သင်ကြားပေးတဲ့စနစ်ကစနစ်တကျရှိတော့သင်ယူရတာအဆင်ပြေပါတယ် သင်ခန်းစာအခန်းတိုင်းအတွက် မေးခွန်းလေးတွေလေ့ကျင့်ခန်းတွေနဲ့မိုစာပြန်လုပ်ဖြစ်စေပါတယ် နားလည်လွယ်အောင်စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလိုကျွန်တော်လိုအသက်ကြီးသူရော သားငယ်လိုအသက်ငယ်သေးသူရောအတွက်အဆင်ပြေပါတယ်"
Java Programming (Basic to Advanced)
"Programming ကိုအခြေခံကနေစပြီးလေ့လာချင်လို ခု Programming သင်ပေးနေတဲ့ဆရာလေးဆီမှာတက်ဖြစ်ပါတယ် သင်ကြားပေးတဲ့စနစ်က စနစ်တကျရှိတော့သင်ယူရတာအဆင်ပြေပါတယ် သင်ခန်းစာအခန်းတိုင်းအတွက် မေးခွန်းလေးတွေလေ့ကျင့်ခန်းတွေနဲ့မိုစာပြန်လုပ်ဖြစ်စေပါတယ်နားလည်လွယ်အောင်စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလ်ု နားလည်လွယ်စေပါတယ် ပြီးတော့ additional resources တွေနဲ့ recommended books တွေကိုဝေမျှပေးတဲ့အတွက်လည်းတော်တော်အဆင်ပြေပါတယ်OOP ကိုလည်းရှင်းပြပေးတဲ့အတွက်လည်းတော်တော်လေးအကျိုးရှိပါတယ်"
Java Programming (Basic to Advanced)
"စာသင်တဲ့အခါ တစ်ယောက်ချင်း ရှင်းရှင်းလင်းလင်းနဲ့ သင်ပေးတဲ့အပြင် သင်တန်းချိန်ကို အဆင်ပြေအောင်ညှိပေးတာကို သဘောကျပါတယ် နားမလည်တာတွေကို သေချာပြန်ရှင်းပြတဲ့အပြင်သတ်မှတ်ထားတဲ့ Course တွေများတာကိုလည်းသဘောကျပါတယ် အစက ဒီအတိုင်းအချိန်ပိုနေလိုတတ်မယ် စဉ်းစားထားရာကနေ Programming ကိုအမှန်တကယ်တတ်ကျွမ်းချင်လာပါတယ်"
Python Programming (Basic to Advanced)
"To my dear programming tutor Saya, I’m thrilled with the programming training you provided. As a talented tutor from Myanmar, you skillfully assessed my level and tailored the lessons perfectly, even as a beginner. I truly appreciate your kindness, passion, excellent time management, and commitment. The reasonable fee, helpful teaching tools, and your patience in explaining concepts until I fully understood them made learning enjoyable and effective. Thanks to your guidance, I’m now confident I’ll become proficient in programming. I highly recommend your training to anyone interested in programming.Thank you again for your invaluable support!"
Java Programming (Basic to Advanced)
"ဆရာ့ သင်တန်းတက်ပီးတော့မှ Java programming နဲ့ ပတ်သတ်ပီး class, function တွေကို သေချာ ရှင်းလင်း နားလည်အောင် သိရှိလာရတဲ့ အတွက် အရမ်းကို အဆင်ပြေပါတယ်။ exercise တွေ နဲ့သေချာ လေ့ကျင့်ရတဲ့ အတွက် java ကိုပိုပီး အကျွမ်းတဝင်ရှိလာစေပါတယ်။ java နဲ့ပတ်သတ်ရင် Oscord ကို recommends ပေးပါတယ်။"
Java Programming (Basic to Advanced)
"သင်တန်းကို Facebook ကနေတွေ့ခဲ့တာပါ one by one သင်ပေးတာရယ် ၊ သင်တန်းကြေးက သင့်တင့်တာရယ် ၊ အချိန်လည်း သေချာလေး ညှိနှိင်းသင်ပေးတာရယ်ကြောင့်တက်ရောက်ဖြစ်ခဲ့ပါတယ်။ အရင်က ဘာမှမရေးတတ်ဘူး၊ အဓိကက ဆရာနဲ့ တက်လိုက်တာ တွေးတတ်သွားတယ်။ program/coding ရဲ့ အသွားအလာကို တွေးတတ်လာတယ်၊ ဒီနေရာမှာ ဒါလေး မရဘူးလား၊ ဒီအကြောင်း ဖြုတ်လိုက်ရင်ရော၊ အပေါ်အောက်ချိန်းလိုက်ရင်ရော အစရှိသဖြင့် အတွေးတွေက coding ကို သပ်သပ်ရပ်ရပ် ရေးတတ်လာစေတယ်။"
Full Stack Web Developer Class
"ဆရာက စေတနာပါပါနဲ့ အားလုံးကို နားလည်လွယ်အောင် ရှင်းပြပေးပါတယ် Exercise တွေနဲ့ နားမလည်တာတွေကို စိတ်ရှည်ရှည်နဲ့ရှင်းပြပြီး ရှင်းပြထားတဲ့notes တွေကို အမြဲပိုပေးတဲ့အတွက် စာပြန်ကြည့်တဲ့အခါအရမ်းကို အထောက်အကူဖြစ်စေပီး အဆင်ပြေပါတယ်"
ဆရာနဲ့တစ်ဦးတည်းသီးသန့်သင်ရတာဖြစ်တဲ့အတွက် အတန်းချိန်အတွင်းမှာ ဆရာ့ရဲ့ဂရုစိုက်မူကို အပြည့်အဝ ခံစားရမယ်
Course ထဲမှာမပါတဲ့ အခြားသင်ခန်းစာထဲကဖြစ်ဖြစ် သိလိုတာ သင်လိုတာရှိရင် ဆရာ့ကိုတန်းမေးလိုရတယ်
အဖွဲနဲ့သင်ရတာမဟုတ်တဲ့အတွက် ဘယ်သူ့မှ အားနာစရာမလိုဘူး
အတန်းနားချင်ရင်လည်း ဆရာ့ကိုပြောပြီး ပိတ်ရက်ယူလိုရတယ်၊ စာနောက်ကျသွားတာမျိုးလည်းမရှိဖူး
By One အတန်းတိုင်းအတွက် အတန်းချိန်များ ညှိနှိင်းပေးတယ်
မြန်မာ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ နဲ့ အနောက်တိုင်းနိုင်ငံများမှ ကျောင်းသားများအတွက်လည်း Time Zone ညှိပေးပါသည်
Video Lecture များဖြင့် မိမိကိုယ်တိုင်သင်ယူရမှာဖြစ်ပါတယ်။ နားမလည်တာရှိရင် ဆရာနဲ့ By One Zoom ချိန် ၇–၈ ကြိမ်အထိ ရရှိနိုင်ပါတယ်။
Video Lectures နဲ့ Zoom Class နှစ်မျိုးလုံးပါဝင်ပါသည်။ အပတ်စဉ် ၂ နာရီ တစ်ဦးတည်း Zoom ရှိပြီး နားမလည်တာတွေ ပြန်မေးနိုင်ပါတယ်။
အဖွဲ့လိုက် အွန်လိုင်း Zoom တန်းများ။ အတန်းစရက်နှင့် အချိန်ကို Website သို့မဟုတ် Facebook Messenger မှ စုံစမ်းနိုင်ပါသည်။
တစ်ဦးတည်း VIP Zoom တန်း။ အချိန်ညှိနိုင်ပြီး သူငယ်ချင်း ၂ ဦးအထက် ပူးတွဲတက်ရင် Promotion ရရှိနိုင်ပါသည်။
ဘန်ကောက်တွင် တွေ့ဆုံသင်ကြားနိုင်ပါသည်။ သူငယ်ချင်း ၂ ဦးအထက် ပူးတွဲတက်ရင် ၂၀% လျှော့ပေးပါသည်။
Oscord Code Academy brings together students from Myanmar and many countries around the world. Our flexible scheduling allows meaningful learning experiences across different time zones.
At Oscord Code Academy, we award digital certificates to students who successfully complete all assignments, projects, and exams for each of our courses. Our training focuses on building your programming and software development skills through hands-on assignments, exams, and practical projects, with expert instructors guiding you throughout the entire course.