OSCORD Navbar

AI Revolution

AI ကအနာဂတ်မှာ Developer တွေကိုအစားထိုးသွားမှာလား အခြားလုပ်ငန်းတွေကိုမှာရော Worker တွေအပေါ်မှာအစားထိုးသွားမှာလား အခုဆိုရင် AI ရဲ့လုပ်နိုင်စွမ်းနဲ့ တိုးတက်လာမှုတွေကို အားလုံးမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ပြီးဖြစ်တယ် ဒီအတွက်လဲ စိုးရိမ်စရာတွေဖြစ်နေကြတယ်ပေါ့ AI ကတကယ်ပဲ လူတွေကိုလွှမ်းမိုးသွားမှာလား လူတွေရဲ့အကူအညီတွေလုံးဝမလိုအပ်ဘဲနဲ့ ရှင်သန်ကြတော့မှာလားဆိုတော့ မဟုတ်သေးပါဘူးလို့ပဲပြောရမှာဖြစ်ပါတယ် AI ကဘယ်လောက်ပဲလုပ်နိုင်လုပ်နိုင် လူလိုချင်တာကိုမသိတာဖြစ်တဲ့အတွက် နောက်ပြီးလူ့ခံစားချက်အတိုင်းလိုက်မခံစားနိုင်တဲ့အတွက် အဓိကက AI ကအခုထိ လူကသာ Train ပေးနေရတာဖြစ်တဲ့အတွက် AI ကသူ့ဘာသူ Train ပြီး လူတွေနေရာမှာအစားထိုးဖို့ကိုတော့ Century တစ်ခုလောက်ထိ စိတ်ချလို့ရတယ်ဆိုတာကိုပြောနိုင်ပါတယ် AI ကအခုချိန်မှာတော့လူသားတွေလုပ်ဆောင်နေတဲ့ Task တွေကို ပိုပြီးလွယ်ကူမြန်ဆန်ကောင်းမွန်အောင် ကူညီပေးတဲ့နေရာမှာအများကြီးအထောက်အကူဖြစ်လာပြီပဲဖြစ်ပါတယ် သို့ပေမယ့် AI ကလုပ်ပေးနိုင်တဲ့အလုပ်တွေကို ကိုယ်က General ထက်ပိုပြီးတတ်ကျွမ်းထားနိုင်ဖို့လိုအပ်ပါတယ် ဥပမာ Developer တွေဆိုရင် အရင်ကထက် အနည်းငယ်တော့ Challenging ဖြစ်လာပါတယ် ဘာလို့လဲဆိုတော့ Level တစ်ခုထိလုပ်နိုင်စွမ်းရှိနေတာဖြစ်တဲ့အတွက်ကိုယ်က General Level ထက်ပိုပြီးသာလွန်နေဖို့တော့လိုအပ်ပါလိမ့်မယ် ဒါဆိုရင်တော့ Artificial Intelligence, Data Science, Machine Learning, Deep Learning ဒါတွေကိုနားလည်သဘောပေါက်လောက်ပြီလို့ထင်ပါတယ်