Programming ကိုစတင်လေ့လာတော့မယ်ဆိုရင်ဘာတွေသိထားဖို့လိုအပ်လဲ
အရင်ဆုံးကတော့ ကိုယ်ကဘယ် Developing Field ထဲကိုသွားချင်သလဲဆိုတာစဉ်းစားဖို့လိုပါတယ်
Developing Field တွေကတော့အများအပြားရှိတဲ့ထဲမှ စတင်လေ့လာမယ့်သူတွေအတွက် လောလောဆယ်ခေါင်းရူပ်မနေစေချင်တော့
General ဖြစ်တဲ့ Field သုံးခုကိုပဲဖော်ပြလိုက်ပါမယ်
1. Desktop Application Development
2. Web Application Development
3. Android Application Development
အိုကေပါ အထက်မှာဖော်ပြထားတဲ့ Developing Field သုံးခုကိုသိသွားပြီဆိုရင် ဘာကိုဆက်စဉ်းစားရမလဲဆိုတာကတော့
ဘယ် Field ကိုသွားဖို့အတွက်ဆိုရင် ဘာတွေလေ့လာသင်ယူဖို့လိုအပ်သလဲဆိုတာပါ
ဘာတွေလေ့လာဖို့လိုအပ်သလဲဆိုရင် Developfield တစ်ခုချင်းစီမှာ သေချာပေါက်သိထားရမယ့် အရာကတော့
Programming Fundamental Concepts တွေနဲ့ Database Management System ပါ
Fundamental Concepts တွေဆိုတာကတော့ Programming စလေ့လာတော့မယ်ဟေ့ဆိုတာနဲ့ သိကိုသိထားရမယ့်
Programming Language တိုင်းမှာပါဝင်တဲ့ Concepts တွေပါ
(Fundamental အပိုင်းကတော့ ဘယ် Developing Field ကိုပဲသွားသွား လိုကိုလိုအပ်ပါတယ်)
သို့ပေမယ့် Language တစ်ခုရဲ့ Fundamental Concepts တွေကိုပိုင်နိုင်သွားပြီဆိုရင် Others Langauge တွေအတွက်
အလွယ်အကူအဆင်ပြေပြေနဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်
(Syntax ပဲကွဲပြီး Theory တူတူပဲမို့လို့ပါ)
ကျန်တာတွေကတော့ Field အပေါ်မှာမူတည်ပြီး တစ်ခုချင်းစီမှာ လေ့လာရတဲ့ Language & Framework တွေအများအပြားရှိပါတယ်
ဥပမာ Desktop Application တစ်ခုတည်ဆောက်မယ်ဆို C# သို့မဟုတ် Java ကိုအသုံးပြုကြပါတယ်
& Web Application Development အတွက်ဆိုရင်တော့ PHP , Python, Java , C# စတာတွေကိုအသုံးပြုပါတယ်
(အဲဒီနေရာမှာ မရောသွားစေချင်တာက ကျနော်တို့က အကုန်လုံးကိုလေ့လာထားစရာမလိုပါဘူး ဥပမာ Web အတွက်ဆို
အပေါ်မှာဖော်ပြခဲ့တဲ့ Python , Java , C#, PHP စတာတွေထဲမှာမှ Java ကိုပဲသုံးပြီး Develop လုပ်သွားမှာလား
ဒါမှမဟုတ် PHP ကိုပဲသုံးသွားမလားဆိုတာတော့ ကာယကံရှင်ကပဲ ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်ပါတယ်)
ဒီနေရာမှာထပ်ပြီးမရောစေချင်စေတာကတော့ ရွေးချယ်ရမယ့်အပိုင်းမလာခင်
ကိုယ်က Fundamental Concepts တွေကိုသိထားမှအဆင်ပြေပါမှာ Fundamental Concept အပိုင်းတစ်ခုထဲကလည်း
Application Development Level အထိပေးစွမ်းနိုင်မှာမဟုတ်ပါဘူး (Application Development Level ထိသွားဖို့အတွက်
ကိုယ်ရွေးချယ်ထားတဲ့ Developing Field & ကိုယ်ရွေးချယ်ထားတဲ့ Langauge ရဲ့သက်ဆိုင်ရာဆက်လေ့လာရမယ့် နည်းပညာတွေရှိပါတယ်
ဥပမာ ကိုယ်က Web Development ကို Java နဲ့သွားချင်တာလား ဒါဆို Java Fundamental ကိုအရင်သင်ယူပြီးရင်
J2EE , Java Spring စတဲ့ Java ရဲ့ Advanced Technique တစ်ခုကိုအသုံးပြုလို့ရပါတယ်)
ဒီလောက်ဆိုသဘောပေါက်လောက်ပြီလို့ထင်ပါတယ်